ရေကြီးရေလွှမ်းခြင်း အထူးသတိပေးနှိုးဆော်ချက်July 29, 2024Max Highway မိသားစုများ၏ ဝါဆိုသင်္ကန်း လှူဒါန်းခြင်းနှင့် ပရိတ် တရားတော်များ နာယူကြည်ညိုAugust 23, 2024 August 12, 2024 ကမ္ဘာပေါ်မှာ ဇီဝမျိုးကွဲများအပါအဝင် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ရှစ်သန်းခန့်ရှိပြီး ကုန်းနေ၊ ရေနေသတ္တဝါမျိုးစိတ်တွေက ၈၀ ရာခိုင်နှုန်း၊ ငှက်မျိုးစိတ်များ၏ ၇၅ ရာခိုင်နှုန်းနဲ့ နို့တိုက်သတ္တဝါမျိုးစိတ်တွေရဲ့ ၆၈ ရာခိုင်နှုန်းဟာ သစ်တောများအတွင်း ရှင်သန်နေထိုင်ကြတယ်လို့ ဆိုပါတယ်။ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်းနှင့် ဇီဝမျိုးစိတ်များဆုံးရှုံးခြင်းများဟာ ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေဖြစ်သလို ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်း သာယာရေးဟာလည်း လူသားတိုင်းအတွက် မဖြစ်မနေ သတိပြုကြရမယ့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်လာနေပါပြီ။ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်း သာယာရေး လုပ်ငန်းစဥ်တွေအတွက် အဓိကအကျဆုံးအချက်ကတော့ သစ်ပင်စိုက်ခြင်း။ ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ အပင်များ ဆက်လက်တည်ရှိရေးပါ။ ဒါကြောင့်လည်း Max Highway ကုမ္ပဏီအနေနဲ့ ကုမ္ပဏီစတင်ထူထောင်ခဲ့တဲ့ ၂၀၀၈ခုနှစ်မှ စတင်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ အစဥ်တစိုက်ဖြင့် အရိပ်ရ အပင်ကြီးပေါင်း ၇သောင်းကျော်ကို စိုက်ပျိုးထိန်းသိမ်းခဲ့ပါတယ်။ ထို့အတူ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာလည်း ရန်ကုန်-ပဲခူးလမ်းပိုင်း၊ အမှတ်(၂)လမ်း၊ အမှတ်(၃)လမ်း၊ ရန်ကုန်-ပြည်-မကွေးလမ်းပိုင်းအပါအဝင် BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် လမ်းပိုင်းများတွင် ကျွန်း၊ စိန်ပန်း၊ မဟော်ဂနီ၊ မန်ဂန်ရှား၊ ပိတောက်၊ ခရေ၊ ပျဉ်းကတိုးအပါအဝင် အရိပ်ရအပင်ကြီး ၇၀၂၆ပင်ကို လမ်းပိုင်းအလိုက် စိုက်ပျိုးထိမ်းသိမ်း စောင့်ရှောက်လျက်ရှိတာကြောင့် အခုဆိုရင် အပင်ပေါင်း ၈သောင်းခန့်ကို စိုက်ပျိုးပြုစုပေးနိုင်ခဲ့ပါပြီ။ယခင်တုန်းကကောင်းမွန်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဟာ လူသားတွေရဲ့ မဆင်မခြင်မှုနဲ့ စည်းကမ်းမဲ့ခြင်းတွေကြောင့် ရာသီဥတုတွေ တစ်နေ့တစ်ခြား ပြောင်းလဲလာမှုနဲ့အတူ တဖြည်းဖြည်း ပျက်စီးလာနေတဲ့ ဂေဟစနစ်တွေကြောင့် ဆိုးရွားလာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တစ်နှစ်ထက်တစ်နှစ်တိုးပြီး ခံစားလာနေရတာပါ။ တိုးတက်ပြောင်းလဲလာခြင်းနဲ့အတူ သဘာဝပတ်ဝန်းကျင်ကို အစဉ်တစိုက် ထိမ်းသိမ်းခြင်းမှတဆင့် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကိုပိုင်ဆိုင်နိုင်ဖို့ လူသားတွေနဲ့အတူ Max Highway မိသားစုက အစဉ်အမြဲ အလေးထားကြိုးစားနေမှာပါ။ Share0 Related postsMay 29, 2026Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်Read moreApril 8, 2026မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် အထွေထွေအစည်းအဝေး (Annual Meeting) နှင့် အမှတ်တရ ညစာစားပွဲ အခမ်းအနား ကျင်းပပြုလုပ်Read moreSeptember 12, 2025Max Highway Co.,Ltd.၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲမှ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ချမှတ်Read more