မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် အထွေထွေအစည်းအဝေး (Annual Meeting) နှင့် အမှတ်တရ ညစာစားပွဲ အခမ်းအနား ကျင်းပပြုလုပ်April 8, 2026Max Highway Co., Ltd. ၏ ၂၀၂၆ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတွင် မန်ဂျန်းရှားပင် ၂၀၀ ကျော် စိုက်ပျိုးJuly 3, 2026 May 29, 2026 Max Highway Co., Ltd. သည် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အစဉ်ရှေးရှုလျက် ဝန်ထမ်းမိသားစုများ၏ သားငယ်၊ သမီးငယ်များ ပညာရေးတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မေလ (၂၉) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ကုမ္ပဏီရုံးချုပ် အပါအဝင် သက်ဆိုင်ရာ လမ်းပိုင်းများနှင့် တိုးဂိတ်အသီးသီးရှိ သတ်မှတ်နေရာများအလိုက် တစ်ပြိုင်တည်း (တစ်ရက်တည်း) ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်တွင် နေရာဒေသအသီးသီးရှိ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အဆင့်ဆင့်တို့၌ ပညာသင်ကြားနေကြသော ဝန်ထမ်းများ၏ ကျောင်းသား၊ ကျောင်းသူ သားသမီး စုစုပေါင်း (၂၃၈) ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် (၂၁,၇၀၀,၀၀၀ ကျပ်) ကို ကုမ္ပဏီမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။Max Highway မိသားစုဝင် သားငယ်၊ သမီးငယ်များအားလုံး အနာဂတ်တွင် ပညာထူးချွန်ပြီး မိဘနှင့် နိုင်ငံအတွက် အားကိုးရသည့် သားကောင်းသမီးမွန်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။“Building Roads for Brighter Journeys” Share0 Related postsOctober 1, 2026Max Highway ကုမ္ပဏီ၏ ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပRead moreJuly 3, 2026Max Highway Co., Ltd. ၏ ၂၀၂၆ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတွင် မန်ဂျန်းရှားပင် ၂၀၀ ကျော် စိုက်ပျိုးRead moreApril 8, 2026မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် အထွေထွေအစည်းအဝေး (Annual Meeting) နှင့် အမှတ်တရ ညစာစားပွဲ အခမ်းအနား ကျင်းပပြုလုပ်Read more