၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားJune 14, 2024ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်း သာယာရေး လုပ်ငန်းစဥ်August 12, 2024 July 29, 2024 မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တတ်နေပြီး Max Highwayမှ BOT အနေဖြင့်တာဝန်ယူထားသည့် ပဲခူးတိုးဂိတ် မိုင်တိုင် (၂၆ / ၄-၅)၊ ရန်ကုန်-ပဲခူးလမ်းမကြီး မိုင်တိုင်အမှတ် (၂၆ /၁-၅)၊ ပဲခူးမြို့တွင်းလမ်း (၃/၅ – ၄/၁ )ကြားတွင် ရေကြီးရေလွှမ်း၍ လမ်းရေကျော်ခြင်းများ ဖြစ်ပွားနေပါသည်။ရေကြီး၊ ရေလျှံခြင်းများဖြစ်ပွားနေခြင်းကြောင့် Max Highway ကုမ္ပဏီ ဝန်ထမ်းများမှ စောင့်ကြပ်ကူညီဆောင်ရွက်လျက်ရှိသလို လမ်းကြောင်းပြ အမှတ်အသားများချထားခြင်း၊ ရေကင်းချထားခြင်းများနှင့် ယာဉ်အန္တရာယ်မဖြစ်ပွားစေရန် စီမံဆောင်ရွက်ထားပြီး ဖြတ်သန်းရန်ခက်ခဲသောယာဉ်များ ခရီးသွားပြည်သူများ သွားလာမှုအခက်အခဲ မရှိစေရန်အတွက် ရေလွတ်ရာသို့ ယာဉ်ဆွဲယာဉ်များ၊ ယာဉ်ကြီးများဖြင့်ပို့ဆောင် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးခြင်းများဖြစ်ပွားနေသည့်အတွက် လမ်းအသုံးပြုသူများ အနေဖြင့် မော်တော်ယာဉ်များကို ဂရုတစိုက်မောင်းနှင်ကြပါရန် Max Highway မိသားစုမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ Share0 Related postsJuly 3, 2026Max Highway Co., Ltd. ၏ ၂၀၂၆ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတွင် မန်ဂျန်းရှားပင် ၂၀၀ ကျော် စိုက်ပျိုးRead moreMay 29, 2026Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်Read moreApril 8, 2026မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် အထွေထွေအစည်းအဝေး (Annual Meeting) နှင့် အမှတ်တရ ညစာစားပွဲ အခမ်းအနား ကျင်းပပြုလုပ်Read more