Max Highway Co.,Ltd.၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲမှ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ချမှတ်September 12, 2025Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်May 29, 2026 April 8, 2026 မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် အထွေထွေအစည်းအဝေး (Annual Meeting) ကို ဧပြီလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင် နိုဗိုတယ်ဟိုတယ်ရှိ ပုသိမ်အစည်းအဝေးခန်းမတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် မက်စ်မြန်မာကုမ္ပဏီအုပ်စု၏ BOD များမှ ကုမ္ပဏီ၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်းရှိ လုပ်ငန်းဆောင်ရွက်မှုများနှင့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ရှေ့ဆက် ဆောင်ရွက်ရမည့် မဟာဗျူဟာများ၊ စီမံခန့်ခွဲမှုဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့် လုပ်ငန်းအောင်မြင်ရေးအတွက် အရေးပါသည့် အချက်များကို အထူးပြု ဆွေးနွေးညွှန်ကြားခဲ့ကြပါသည်။ထို့အပြင် မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ အုပ်ချုပ်မှုတာဝန်ခံ အသီးသီးမှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့ ငွေစာရင်းရှင်းတမ်းများကို သေးစိတ် တင်ပြခဲ့ကြပြီး၊ လာမည့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည့် စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ဘဏ္ဍရေးဆိုင်ရာ အစီအစဉ်များအပေါ် လမ်းညွှန်ချက်များကိုလည်း ခံယူခဲ့ကြပါသည်။ကုမ္ပဏီ ရေရှည်တိုးတက်ရေးအတွက် လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေရန်အတွက် နည်းပညာအသုံးချမှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားရန်နှင့် ပြည်တွင်းလမ်း လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားရန် စသည့် ရှေ့ဆက်ဆောင်ရွက်ရမည့် အရေးကြီးသော ဦးတည်ချက်များကိုလည်း သဘောတူညီ ဆုံးဖြတ်ခဲ့ကြပါသည်။အစည်းအဝေးအပြီးတွင် အမှတ်တရအဖြစ် ဝန်ထမ်း မိသားစုများ ပါဝင်သည့် မိတ်ဆုံညစာစားပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး လုပ်သက် (၁၈) နှစ် ပြည့်မြောက်သော ဝန်ထမ်းများနှင့်လုပ်သက်ရင့် ဝန်ထမ်းများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးခဲ့ပါသည်။ Share0 Related postsJuly 3, 2026Max Highway Co., Ltd. ၏ ၂၀၂၆ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတွင် မန်ဂျန်းရှားပင် ၂၀၀ ကျော် စိုက်ပျိုးRead moreMay 29, 2026Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်Read moreSeptember 12, 2025Max Highway Co.,Ltd.၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲမှ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ချမှတ်Read more