Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်May 29, 2026 July 3, 2026 ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် သဘာဝပတ်ဝန်းကျင်ကို အစဉ်တစိုက် ထိန်းသိမ်းခြင်းမှတစ်ဆင့် ပိုမိုစိမ်းလန်းစိုပြည်ပြီး ကောင်းမွန်သည့် ကမ္ဘာကြီးအဖြစ် ရေရှည်တည်ရှိနေစေရန် ရည်ရွယ်၍ Max Highway Co., Ltd. မိသားစု၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့ (ဇူလိုင်လ ၃ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-သီလဝါလမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၃/၀ မှ ၃/၅အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ယခုနှစ် သစ်ပင်စိုက်ပွဲတွင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် မန်ဂျန်းရှားပင် (၂၀၀) ကို စုပေါင်း၍ စနစ်တကျ စိုက်ပျိုးခဲ့ကြသည်။ Max Highway Co., Ltd. အနေဖြင့် ယခုနှစ်အပါအဝင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးခဲ့ပြီးသည့် သစ်ပင်စုစုပေါင်း (၈၃,၂၀၀) ပင် အထိ စိုက်ပျိုးထိန်းသိမ်း လာပြီးဖြစ်ပါသည်။Max Highway Co., Ltd. သည် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကို ဆောင်ရွက်နေရုံသာမက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုအပူဒဏ်များကို ကာကွယ်နိုင်ရန်နှင့် ရေတိုက်စားမှုကြောင့် လမ်းမကြီးများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နှစ်စဉ် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကို လူမှုစီးပွားဘဝ အကျိုးပြုလုပ်ငန်း (CSR) တစ်ခုအဖြစ် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ Share0 Related postsMay 29, 2026Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်Read moreApril 8, 2026မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် အထွေထွေအစည်းအဝေး (Annual Meeting) နှင့် အမှတ်တရ ညစာစားပွဲ အခမ်းအနား ကျင်းပပြုလုပ်Read moreSeptember 12, 2025Max Highway Co.,Ltd.၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲမှ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ချမှတ်Read more