Max Highway Co., Ltd. Highway Unit အင်ဂျင်နီယာလုပ်ငန်းခွင် အရည်ချင်းစစ် စာမေးပွဲ ကျင်းပJune 30, 2025Max Highway Co.,Ltd.၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲမှ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ချမှတ်September 12, 2025 July 31, 2025 Max Myanmar Groupရှိ ကုမ္ပဏီခွဲအသီးသီးကို ကိုယ်စားပြုသော လုပ်ငန်းခွင်အတွင်း ထိပါးနှောင့်ယှက်မှု၊ ခွဲခြားဆက်ဆံခြင်းနှင့် နိုင်ထက်စီးနင်း ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန်နှင့် အဆိုပါအကြောင်းအရာများကို ဝန်ထမ်းများပိုမိုသိရှိစေရန် ရည်ရွယ်၍ ၂၀၂၅ခုနှစ် ဇူလိုင်လ ဇူလိုင်လ ၂၃ရက်မှ ၃၁ရက်နေ့အထိ အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် နိုင်ထက်စီးနင်း ပြုလုပ်ခြင်းများသည် လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းများအားလုံး၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများအပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိစေနိုင်သည့်အတွက် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်သည့် မူဝါဒများချမှတ်ခြင်း၊ စီမံခန်ခွဲမှုနည်းလမ်းများ ဆောင်ရွက်ခြင်း၊ စာစောင်များ ဝေမျှခြင်း၊ အသိပညာပေးချက်များပါဝင်သည့် ဗီနိုင်းများချိတ်ဆွဲခြင်း၊ အသိပညာပေးသင်တန်းပိုချခြင်း၊ ဆွေးနွေးမှုနှင့် အကူအညီပေးနိုင်မည့် ဝန်ဆောင်မှုများကို ပြုလုပ်ခဲ့ပါသည်။မည်သူမဆို စိတ်ချလုံခြုံပြီး အပြန်အလှန် လေးစားမှုရှိသည့် လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးခြင်းသည် Max Myanmar Group၏ ရည်မှန်းချက်ဖြစ်ပြီး ထို့မှတဆင့် ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်နိုင်ခြင်း၊ လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် ပံ့ပိုးနိုင်ခြင်းနှင့် အရည်အချင်းရှိသော ဝန်ထမ်းများကိုပါ ဆွဲဆောင်ထိန်းသိမ်း ထားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ Share0 Related postsJuly 3, 2026Max Highway Co., Ltd. ၏ ၂၀၂၆ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတွင် မန်ဂျန်းရှားပင် ၂၀၀ ကျော် စိုက်ပျိုးRead moreMay 29, 2026Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်Read moreApril 8, 2026မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် အထွေထွေအစည်းအဝေး (Annual Meeting) နှင့် အမှတ်တရ ညစာစားပွဲ အခမ်းအနား ကျင်းပပြုလုပ်Read more