ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းJune 20, 2025Max Highway Co., Ltd. Highway Unit အင်ဂျင်နီယာလုပ်ငန်းခွင် အရည်ချင်းစစ် စာမေးပွဲ ကျင်းပJune 30, 2025 June 27, 2025 Max Highway Co.,Ltd. မှ BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် လမ်းပိုင်းများဖြစ်ကြသည့် ရန်ကုန်၊ ပဲခူး၊ ပြည်နှင့် မကွေးလမ်းပိုင်းများတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ပြုလုပ်ခဲ့ပါသည်။ သစ်ပင်စိုက်ပွဲတွင် ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်းရှား၊ စိန်ပန်းအပါအဝင် အရိပ်ရအပင်ကြီးပေါင်း (၃၀၀၀)ကို သတ်မှတ်နေရာများတွင် စုပေါင်း၍ စနစ်တကျ စိုက်ပျိုးခဲ့ကြသည်။ဖန်လုံအိမ် အာနိသင် မြင့်မားလာနေခြင်းကို လျော့ချနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု အပူဒဏ်များကို ကာကွယ်နိုင်ရန်၊ ရေတိုက်စားမှုကြောင့် လမ်းမကြီးများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် သစ်ပင်များ စိုက်ပျိုးခဲ့ပြီး ယနေ့အထိ Max Highway Co.,Ltd. မှ သစ်ပင်ပေါင်း (၈၃,၀၀၀)ကို စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။ဖန်လုံအိမ်အာနိသင် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်(CO₂) အပါအ၀င်ဓာတ်ငွေ့များ လေထုအတွင်းမှ လျော့နည်းလာစေရန်နှင့်အတူ သဘာဝပတ်ဝန်းကျင်ကို အစဉ်တစိုက် ထိမ်းသိမ်းခြင်းမှတဆင့် ပိုမိုကောင်းမွန်သည့် ကမ္ဘာကြီးအဖြစ် ဆက်လက်တည်ရှိနေစေရန် Max Highway မိသားစုက အစဉ်တစိုက် အလေးထား ကြိုးစားနေမည်ဖြစ်ပါသည်။ Share0 Related postsJuly 3, 2026Max Highway Co., Ltd. ၏ ၂၀၂၆ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတွင် မန်ဂျန်းရှားပင် ၂၀၀ ကျော် စိုက်ပျိုးRead moreMay 29, 2026Max Highway Co., Ltd. ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပပြုလုပ်Read moreApril 8, 2026မက်စ်ဟိုင်းဝေးကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် အထွေထွေအစည်းအဝေး (Annual Meeting) နှင့် အမှတ်တရ ညစာစားပွဲ အခမ်းအနား ကျင်းပပြုလုပ်Read more